ကျိုက်ထို၊ ဇီးပြောင်း မူလတန်းကျောင်းနား လက်နက်ကြီးကျမှု သေဆုံးသူ (၃)ဦး အထိရှိလာ - ကေအိုင်စီ
1 Articles
1 Articles
ကျိုက်ထို၊ ဇီးပြောင်း မူလတန်းကျောင်းနား လက်နက်ကြီးကျမှု သေဆုံးသူ (၃)ဦး အထိရှိလာ - ကေအိုင်စီ
ဩဂုတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု၊ ဇီးပြောင်း(၅)ရွာ စာသင်ကျောင်းဘေးရှိ ဘောလုံးကွင်းအနီး ယမန်နေ့ ဩဂုတ်လ(၁၉)ရက်နေ့က စစ်အုပ်စုပစ်ခတ်သည့်လက်နက်ကြီးထိမှန် သေဆုံးသူ (၃)ဦးအထိ တိုးလာကြောင်း ကေအဲန်ယူ-သထုံခရိုင်ထံမှ သိရသည်။ စစ်အုပ်စု၏သိမ်ဇရပ်မြို့အခြေစိုက် အမြှောက်တပ် အမတ(၃၁၀) မှ ၁၂၀ မမ ပြင်းအားရှိ လက်နက်ကြီး(၂)လုံးကို ယမန်နေ့က ဇီးပြောင်းကျေးရွာအုပ်စုအတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဇီးပြောင်း(၅)ကျေးရွာနှင့် ဇီးပြောင်း(၆)ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ဇီးပြောင်း(၅)ရွာ၊ မူလတန်းကျောင်း ဘောလုံးကွင်းအနီးသို့ ပေါက်ကွဲသည့်လက်နက်ကြီးကြောင့် အသက်(၅)နှစ်အရွယ် ယောင်္ကျားလေး(၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အတူ ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒဏ်ရာပြင်းထန်သူ(၂)ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ (၃)ဦးရှိလာကြောင်း ကေအဲန်ယူ-သထုံခရိုင်ဘက်က ပြောသည်။ ကျောင်းသားများ ဘောလုံးကစားနေရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည့်လက်နက်ကြီးကြောင့် အသက်(၁၀)အရွယ် ကလေးအပါအဝင် […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





