လက်နက်ကြီးကြောင့် တောင်ငူခရိုင်မှာ ဒေသခံ(၁၀၀)ကျော် စစ်ဘေးရှောင်နေရ - ကေအိုင်စီ
1 Articles
1 Articles
လက်နက်ကြီးကြောင့် တောင်ငူခရိုင်မှာ ဒေသခံ(၁၀၀)ကျော် စစ်ဘေးရှောင်နေရ - ကေအိုင်စီ
ဩဂုတ် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူ/တောအူးခရိုင်ရှိ ကျောက်တိုင်၊ နံ့သာကုန်းနှင့် ငွေတောင်လေးကျေးရွာမှ ဒေသခံ(၁၂၀)ဝန်းကျင်သည် စစ်အုပ်စု၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် ဩဂုတ်လ(၁၀)ရက်နေ့မှစ၍ ဘေးလွတ်ရာ ဆွေမျိုးမိတ်ဆွေနေအိမ်နှင့် စစ်ဘေးရှောင်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့က တောင်ငူ-သံတောင်လမ်းအတိုင်း တက်လာသည့် စစ်အုပ်စုမော်တော်ယာဥ်တန်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရင့်နောင်စစ်တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် အဆိုပါကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “ပြေးလာတာက (၁၂၀) လောက်ရှိပြီ။ ကျောက်တိုင်နဲ့ ငွေတောင်လေးဘက်မှာ ပစ်တာတွေကြောင့် ရွာထဲမှာ မနေရဲကြတော့ဘူးလေ။ လောလောဆယ် ကလေးနဲ့ လူကြီးတွေပဲ” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ပေါ်၌ စစ်အုပ်စု၏ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





