ကျိုက်ထို၊ ဇီးပြောင်း(၅) စာသင်ကျောင်းနား လက်နက်ကြီးကျ၍ ကလေးငယ်(၁)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရ - ကေအိုင်စီ
1 Articles
1 Articles
ကျိုက်ထို၊ ဇီးပြောင်း(၅) စာသင်ကျောင်းနား လက်နက်ကြီးကျ၍ ကလေးငယ်(၁)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရ - ကေအိုင်စီ
ဩဂုတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၅)ကျေးရွာ၊ စာသင်ကျောင်းအနီး ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့တွင် စစ်အုပ်စုပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၁)ဦးသေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ်နေ သတင်းအရင်းအမြစ်များမှ ကနဦးသိရသည်။ ယနေ့ နံနက် (၁၀)နာရီဝန်းကျင်နှင့်(၁၂)နာရီဝန်းကျင်တွင် စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်၍ စာသင်ကျောင်းဝင်း ဘောလုံးကွင်းနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ စုဝေးနေသည့်ကလေးငယ်များ ထိခိုက်သေဆုံးမှုဖြစ်ပွားရသည်ဟု ထိုအနီးတဝိုက်နေထိုင်သူ ဒေသခံအမျိုးသမီးက ပြောသည်။ “အသံအကျယ်ကြီးကြားလိုက်ရတယ်။ ပထမတစ်လုံးက (၁၁) နာရီ ဝန်းကျင်လောက်မှာကျတာ အဲ့ဒီအလုံးဖြစ်မယ် ကျောင်းဘောလုံးကွင်းနားကို ကျတာ။ ဆုံးသွားတဲ့ကလေးက အသက်(၅)နှစ် မဟုတ်ရင် (၆)နှစ်လောက်ပဲရှိဦးမယ်။ ဘောလုံးကန်ခါနီးဖြစ်တာ (၁၁)ယောက်လောက် ဒဏ်ရာရတယ်။ ကလေးတွေချည်းပဲ” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။ ထို့အပြင် ကျိုက်ထိုမြို့နယ်ရှိကျေးရွာများသို့ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





