ကျိုက်ထိုက လေယာဥ်ဗုံးကြဲမှုကြောင့် သေဆုံးသူအချို့ ဈာပနပြုလုပ်ရာ ထပ်မံဗုံးကြဲခံရပြီး ထိခိုက်မှုရှိ - ကေအိုင်စီ
1 Articles
1 Articles
ကျိုက်ထိုက လေယာဥ်ဗုံးကြဲမှုကြောင့် သေဆုံးသူအချို့ ဈာပနပြုလုပ်ရာ ထပ်မံဗုံးကြဲခံရပြီး ထိခိုက်မှုရှိ - ကေအိုင်စီ
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ယမန်နေ့(ဇွန်လ ၁၈ ရက်နေ့)က လေယာဥ်ဗုံးကြဲခံရပြီးသေဆုံးခဲ့သူအချို့အား ဈာပနပြုလုပ်လျက်ရှိရာ ယနေ့ ထပ်မံဗုံးကြဲခံရ၍ ထိခိုက်မှုရှိကြောင်း ကျိုက်ထိုဒေသခံများကပြောသည်။ ယမန်နေ့က ကျောက်ဖျာအုပ်စု၊ ချောင်းစောင့်ရွာ၊ ဈေးဆိုင်နေရာသို့ စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးကြဲသွားခြင်းဖြစ်ပြီး ရွာသားအပါအဝင် ဒေသခံ(၄)ဦးထက်မနည်း သေဆုံးခဲ့သည်။ ယင်းနောက် သေဆုံးသူအချို့အား ဆင်တွင်းကျေးရွာဘက်တွင် သင်္ဂြိုလ်ခြင်းအစီအစဥ်ဖြင့် ဈာပနပြုလုပ်ရန် ယနေ့ မနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင် လေယာဥ်ထပ်မံဗုံးကြဲတိုက်ခိုက်၍ ထိခိုက်သူလည်းရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဒေသခံအမျိုးသမီးက ပြောသည်။ “မနေ့ကလေယာဥ်ကြဲခံရလို့သေတဲ့သူတွေကို အသုဘချတာလေ၊ ကျမက အဲဒီနာရေးသွားမလို့ လမ်းမှာဆိုင်ကယ်ပျက်လို့ဝင်ပြင်နေတာ နာရေးနေရာမှာ ထပ်လာကြဲလို့ ပြန်ပြေးရတယ် အသည်းအသန်ပဲ။ တစ်ခါမှအဲ့လောက်နီးတာမကြုံဖူးဘူး။ ဆိုင်ကယ်နဲ့လာတဲ့လူတစ်ယောက်တော့ ထိတယ်ကြားတယ်” ဟု […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium