ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ဂျက်ဖိုက်တာဗုံးကြဲ၍ ဒေသခံ (၄)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ - ကေအိုင်စီ
1 Articles
1 Articles
ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ဂျက်ဖိုက်တာဗုံးကြဲ၍ ဒေသခံ (၄)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ - ကေအိုင်စီ
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ တပ်မဟာ(၁) ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ သဝေါသော(ချောင်းစောင့်)ရွာထဲသို့ ယမန်နေ့ ဇွန်လ (၁၈)ရက်နေ့က စစ်အုပ်စုတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား (၄)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်ခန့်တွင် ပြည်သူလူထုများနေထိုင်သည့် ချောင်းစောင့်ရွာအတွင်းရှိ ကုန်စုံဆိုင်ကို စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်အပါအဝင် စျေးလာဝယ်သူ (၃)ဦး သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူများအနက် အသက်(၃၈)နှစ်အရွယ် ဆိုင်ရှင်အမျိုးသားဖြစ်သူ စောကျော်တင့်မှာ နေရာတွင်ပင် ပွဲချင်းသေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီး နော်ဖောလုလု မှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “ကျနော့်အစ်မက အခု သတိရတစ်ချက်မရတစ်ချက်ဖြစ်တယ်။ တင်၊ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium