အနာဂတ် ကရင်နီပြည်တည်ဆောက်ရေး အစုအဖွဲ့အားလုံး စည်းလုံးစွာ ပူးပေါင်းရန် IEC တိုက်တွန်း - ကေအိုင်စီ
1 Articles
1 Articles
အနာဂတ် ကရင်နီပြည်တည်ဆောက်ရေး အစုအဖွဲ့အားလုံး စည်းလုံးစွာ ပူးပေါင်းရန် IEC တိုက်တွန်း - ကေအိုင်စီ
ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အနာဂတ် ကရင်နီပြည်တည်ဆောက်ရေးတွင် ပြည်သူလူထု၊ နိုင်ငံရေးအင်အားစုများနှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်လေးစားမှုတို့ကို အခြေခံကာ ဘုံရည်မှန်းချက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားကြရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တိုက်တွန်းပြောဆိုလိုက်သည်။ ယနေ့ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သည့် (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၌ ယခုလို ပြောဆိုထားခြင်း ဖြစ်သည်။ သဝဏ်လွှာအတွင်း ခေတ်အဆက်ဆက် အာဏာရှင်စနစ်အဆုံးသတ်ရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများနှင့် လက်ရှိစစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်နေကြသည့် တော်လှန်ရေးရဲဘော်များ၊ ကရင်နီပြည်သူလူထုတစ်ရပ်လုံး၏ ပေးဆပ်မှုများကို လေးစားစွာ အသိအမှတ် ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကရင်နီပြည်သည် သမိုင်းကြောင်းအရ သီးခြားလွတ်လပ်သကဲ့သို့ လက်ရှိတွင်လည်း […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium