စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း စစ်အုပ်စု Y12 လေယာဥ်သုံး ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက် - ကေအိုင်စီ
1 Articles
1 Articles
စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း စစ်အုပ်စု Y12 လေယာဥ်သုံး ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက် - ကေအိုင်စီ
ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဒေသသို့ ယမန်နေ့ ဇွန်လ(၁၅)ရက်နေ့ ညပိုင်းက စစ်အုပ်စု Y12 လေယာဥ်ဖြင့် ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ပိတောက်ကုန်း၊ ကျွန်းကုန်းနှင့် ဆယ်ဝတောရွာတစ်ဝိုက်တွင် ယမန်နေ့ ည(၇)နာရီမှ (၈)နာရီဝန်းကျင်ကြား စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး နေအိမ်အချို့လည်း ပျက်စီးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ “မနေ့က မနက်ကနေ ညနေအထိတစ်နေကုန် တိုက်ပွဲဖြစ်နေတာ။ ညကျတော့ Y12 နဲ့လာပစ်သွားတာပဲ၊ တရစပ်ပစ်တာ တစ်ခါပစ်(၃)လုံးလောက်နဲ့ ပတ်ပတ်လည်ကို (၂၄)လုံးလောက်ရှိမယ်။ ကျနော်တို့နေရာနဲ့သိပ်မဝေးတော့ ဒီဘက်ကမြေကြီးပါတုန်တယ်။ ပြီးတော့ ဆယ်ဝတောနဲ့ကျွန်းကုန်းမှာ အိမ်တချို့ထိတယ်ကြားတယ်။ လူတွေတော့ဘာမှမဖြစ်ဘူး၊ မဖြစ်ဘူးဆိုတာ စစ်ရှောင်နေကြတာကို” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium