ကုန်သွယ်ခရီးသွား ယာဥ်များအား ကော့ကရိတ် တံတားကျိုးဂိတ်မှ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီရှိ - ကေအိုင်စီ
1 Articles
1 Articles
ကုန်သွယ်ခရီးသွား ယာဥ်များအား ကော့ကရိတ် တံတားကျိုးဂိတ်မှ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီရှိ - ကေအိုင်စီ
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင် စစ်အုပ်စုက ကုန်သွယ်၊ ခရီးသွားမော်တော်ယာဉ်များထံမှ ကားအမျိုးအစားပေါ်မူတည်၍ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီအထိ ရှိနေကြောင်း ခရီးသွား ယာဥ်မောင်းများကပြောသည်။ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်သည့် ဧပြီလ(၂)ရက်နေ့နောက်ပိုင်း အဆိုပါတံတားကျိုးဂိတ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပြန်လည်ဂိတ်ထိုင်နေပြီး အိမ်စီးယာဥ်၊ ခရီးသည်တင်ယာဥ်နှင့် ကုန်တင်မော်တော်ယာဥ်ဟူ၍ သတ်မှတ်ချက်မရှိဘဲ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကောက်ခံပေးဆောင်နေရခြင်းဖြစ်သည်ဟု ဖားအံ-မြဝတီ ယာဥ်မောင်းတစ်ဦးကပြောသည်။ “လမ်းခရီးမလွယ်ကူရတဲ့ကြားထဲ ဒီတံတားကျိုးဂိတ်မှာ ကားအမျိုးအစားအလိုက် ငွေကြေးကောက်ခံတာတွေက တော်တော်လေးများလာတယ်။ သူတို့တောင်းတာ တစ်ကားနဲ့တစ်ကားမတူဘူး။ တစ်ချို့ကားတွေဆို တစ်သိန်းခွဲအထိတောင်းတယ်။ ကျနော်တို့ကားတွေကတော့ ငါးသောင်း၊ ခြောက်သောင်းလောက်ရှိတယ် မမှန်ဘူး။” ဟု အဆိုပါယာဥ်မောင်းအမျိုးသားက ပြောသည်။ ထို့အပြင် တံတားကျိုးဂိတ်သာမက အာရှလမ်းမကြီးတောက်လျှောက်ရှိ စစ်အုပ်စုဂိတ်အချို့တွင်လည်း […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium